PDF YGN
  • Home
  • Announcements
  • News
  • Contact Us
  • Donate
No Result
View All Result
PDF
  • Home
  • Announcements
  • News
  • Contact Us
  • Donate
No Result
View All Result
PDF
No Result
View All Result
Home Announcements

တော်လှန်ရေးမဟာမိတ်များဖွဲ့စည်းခြင်း

August 29, 2021
in Announcements, HomeSlider, News
Reading Time: 2 mins read

မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှပြည့်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် လက်နက်အားကိုးဖြင့် အကြမ်းဖက်လုယူထားသည်မှာ (၆)လကျော် (၇)လနီးပါးရှိပြီးဖြစ်သည်။

အဆိုပါကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများကို တရားမဲ့ ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ကာ အကြမ်းဖက်နည်းမျိုးစုံဖြင့်ဖြိုခွင်းခဲ့သောကြောင့် အနည်းဆုံးပြည်သူ(၁၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအားလုံး၏ အသက်အိုးအိမ်စည်းစိမ်၊ လူမှုရေး၊ စီးပွားရေး၊လုံခြုံရေးနှင့် တခြားရပိုင်ခွင့်များနေ့တိုင်းဆုံးရှုံးလျှက်ရှိသည်။

ထို့ပြင် စစ်ကောင်စီမှ Covid-19ရောဂါအားလက်နက်အဖြစ် ရက်စက်ယုတ်မာစွာအသုံးချခဲ့ခြင်းကြောင့် ပြည်သူထောင်ပေါင်းများစွာ အသက်မသေသင့်ဘဲအသက်ဆုံးရှုံးခဲ့ရသည်မှာ အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ထို့ကြောင့် လက်နက်အားကိုးအကြမ်းဖက်နိုင်ငံ့သစ္စာဖောက် စစ်တပ်နှင့်၄င်းတို့၏အပေါင်းအပါများကို ဖယ်ရှားနိုင်မှသာ ပြည်သူများခံစားနေရသော ဒုက္ခများမှ လွတ်မြောက်မည်ဖြစ်သည်။

နွေဦးတော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ မတရားမှုကိုခေါင်းငုံ့မခံနိုင်သောအမှန်တရားကိုမြတ်နိုးသော ပြည်သူများကြားမှပေါက်ဖွားလာသော အောက်ပါတော်လှန်ရေး အင်အားစု( ၁၂ ) စုသည် ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် မဟာမိတ်အဖြစ်ပူးပေါင်းကာပြည်သူများအားလုံးနှင့်လက်တွဲပြီး စစ်မှန်သောတရားမျှတမှုရရှိသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်သည်။

1. People Defense Force Mandalay (MDY-PDF)
2. Yangon Urban Guerrillas (YUG)
3. People’s Defense Force -ပြည်သူ့ကာကွယ်ရေးတပ်မတော်
4. Yangon Federal Army (YFA)
5. Zero Nine (PDF-MGN)
6. People Defense Force (ShweGu)
7. Pakokku People Defense Force (PPDF)
8. နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)
9. Kawlin People Defense Force (KLPDF)
10. Kyaukse Distric Defense (KDDF)
11. Mandalay Special Task Force (MSTF)
12. 27 Revolution Forces (MGN)
စသည့်အဖွဲ့အစည်းများသည်လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာတိကျသောတော်လှန်ရေးဆိုင်ရာ ရည်မှန်းချက်ရှိသည့်အဖွဲ့အစည်းများဖြစ်သည်။

#ပြည်သူကမွေး
#ပြည်သူ့သွေး
#ပြည်သူ့အတွက်PDF
အရေးတော်ပုံ အောင်ရမည်…

Tags: allianceKDDFKLPDFMDY-PDFMGNMSTFPDFPDF-MGNPDF-ShweGuPPDFYFAYUGနှလုံးလှ လူမိုက်ကြီးများအဖွဲ့(မြင်းခြံ)
ShareTweetShare
Previous Post

People’s Defense Force – ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း – ၂၄

Next Post

People’s Defense Force – ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း – ၂၅

Next Post
People’s Defense Force – ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း – ၂၅

People’s Defense Force – ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း - ၂၅

  • News
  • Announcements
  • Donate
  • Contact

© 2021 PDF - People's Defense Forces

No Result
View All Result
  • Home
  • Announcements
  • News
  • Contact Us
  • Donate

© 2021 PDF - People's Defense Forces

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist