တိုင်းပြည်အနာဂတ်အတွက် ကျရာတာဝန်ထမ်းဖို့ တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသင်ယူဖို့ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ညီအကို မောင်နှမတွေအတွက် အလှူခံချင်ပါတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိတဲ့ထဲက သန့်ရှင်းတဲ့သောက်သုံးရေ ရရှိဖို့ ပထမဦးစားပေး အလှုခံချင်ပါတယ်။ သန့်ရှင်းတဲ့သောက်သုံးရေမရရင် water-borne disease တွေ ဖြစ်ပွားလာနိုင်တာမို့ လက်ရှိမှာ ရေသန့်ဆေးပြားတွေလှူဒါန်းထားပါတယ်။
နောင်ရေရှည်အတွက်တော့ ကုန်ကျစရိတ်လည်းသက်သာ WHO စံနှုန်းနဲ့အညီ ပိုးမွှားကင်းတဲ့ သောက်သုံးရေထုတ်လုပ်နိုင်မဲ့ ရေသန့် ရေစစ်အိုးတွေ လှူဒါန်းဖို့ ပြင်နေပါတယ်။ ဒီရေစစ်အိုးတွေက လျှပ်စစ်မီး၊ ဘက်ထရီလည်း မလိုအပ်ဘဲ ပေါ့ပါးတော့ နေရာဒေသမရွေးကို အလွယ်တကူ သွယ်ယူနိုင်တယ်။ ရွှေ့ပြောင်းရလွယ်တယ်။
ရေစစ်အိုးက ၅၀ လီတာဆန့်တယ်။ ၁နာရီလျှင် ၁၂ လီတာနှုန်း ရေစစ်နိုင်တယ်။ ဗက်တီးရီးယားတွေ ၊ ဗိုင်းရပ်စ်တွေ နဲ့ ပရိုတိုဇိုးဝါးပါရာဆိုက်တစ်တွေကို ၉၉.၉၉% ထိစစ်ပေးနိုင်ပါတယ်။ စျေးနှုန်းကတော့ ရေစစ်အိုး၁လုံးကို ၅သိန်းခန့် ကုန်ကျပါမယ်။
ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် PEOPLE’S DEFENSE FORCE – ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon) ၏ Facebook Page (သို့မဟုတ်) Whatsapp မှတစ်ဆင့် ဆက်သွယ်၍ သဒ္ဒါတစ်အား အနဲအများမဆို ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
Email – contact@peopledefenseforces.org
Whatsapp – +1 (571) 462-5618
Facebook – https://www.facebook.com/peopledefenseforce
Website – https://peopledefenseforces.org/